ရွာငံမြို့နယ်တွင် သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်

ရွာငံ  ဇွန် ၂၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသ၊ ရွာငံမြို့နယ်တွင်  ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပခဲ့သည်။                                                          

သင်တန်းတွင် ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက ဒေသအတွင်း ထွက်ရှိသော သီးနှံများကို အခြေခံ၍ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်ခြင်းဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လာနိုင်စေရန်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းလုပ်ကိုင်သူ များလာပြီး ဒေသအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် စသည်များကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဦးက သင်တန်းမှ ပို့ချချက်များကို လက်တွေ့အသုံးပြုကာ  မိမိတို့ မြို့နယ်အတွက် တန်ဖိုးမြှင့်ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်‌လာစေပြီး One Village One Product အဖြစ် ထုတ်ကုန်အသစ်များ ပေါ်ထွက်လာစေရန် စသည်များကို ရှင်းလင်းပြောကြားကြသည်။

အဆိုပါ သင်တန်းတွင် အစားအစာများတွင် ကျရောက်တက်သော ဘေးအန္တရာယ်များ၊ ခရမ်းချဉ်သီးယို ၊သင်္ဘောသီးယို ၊ မန်ကျည်းဖျော်ရည် ၊ ကင်(မ်)ချီ ၊ လက်ဖက်စိုလက်ဖက်နှပ် ၊ Bubble Tea ဖျော်ရည် ၊ မန်ကျည်းဆောစ့် ၊ သီးနှံများ ပျက်စီးရသော အကြောင်းအရင်း ၊ တာရှည်ခံ ဓာတုဆေးဝါးများ အကြောင်း ၊ ကျောက်ဖရုံယို ၊ နာနတ်သီးဖျော်ရည် ၊နာနတ် Jam ၊ သရက်ဖျော်ရည် ၊ သရက်သီးယို ၊ ခရမ်းချဉ်သီးဆော့စ် ၊ နာနတ်ဝိုင် ၊ အာလူးခြောက်၊ အာလူးကြော် စသည်များကို သင်တန်းသား (၂၀)ဦးဖြင့်  ဇွန် (၂၈)ရက်မှ ဇူလိုင် (၂) ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)