သတင်းများ

အုတ်တွင်းမြို့နယ်၌ Drum Seeder စနစ်ဖြင့် မိုးစပါးစိုက်ပျိုးနေမှု လက်တွေ့သရုပ်ပြသ
Jun 29,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ Drum Seeder စနစ်ဖြင့် မိုးစပါးစိုက်ပျိုးနေမှု လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုအားပေးသည်။
တောင်ဥက္ကလာပမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Jun 29,2023
ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတရရှိ‌စေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်‌၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ သီရိမြန်မာခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌‌‌ကြောင်း သိရသည်။
ကွတ်ခိုင်မြို့၌ တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲကျင်းပ
Jun 29,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် နေဗီယာခရမ်း‌ရောင်မြက် သရုပ်ပြ စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ခိုတင်ကျေးရွာအုပ်စုရှိ တောင်သူ ဦးလီစူးရန်၏ ယာမြေဧက(၁)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဇေယျာသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် အသက် ၁၀ နှစ် အထက် ကျောင်းသား၊ ကျောင်း သူ ၉၄ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 29,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဒိုးပင်ခုန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးမွေးမြူရေးတောင်သူများမှ သက်သာသော နှုန်းထားဖြင့် ရောင်းချပေးသည့် ဗုဒ္ဓဟူးနေ့အခွန်လွတ်ဈေး၌ ပြည်သူအများရောင်းဝယ်နေမှုအား ကြည့်ရှုအားပေး
Jun 29,2023
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စိုက်ပျိုးမွေးမြူရေးတောင်သူများမှ သက်သာသောနှုန်းထားဖြင့် စားသုံးသူလက်ဝယ်သို့ တိုက်ရိုက်ရောင်းချသည့် အခွန်လွတ်ဈေးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့တို့တွင် သီးခြားစီဖွင့်လှစ် ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမှတ်(၉)ရပ်ကွက် ပြည်နယ်ကမ္မဌာန်း ကျောင်းလမ်း၌ ဖွင့်လှစ်ထားသော ဗုဒ္ဓဟူးနေ့အခွန်လွတ်ဈေးတွင် ရောင်းသူ၊ ဝယ်သူများဖြင့် စည်ကားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
နိုင်ငံတကာအဆင့်မီ အရေးပေါ် အသက်ကယ်ဆယ်ရေး(အခြေခံ)သင်တန်း အမှတ်စဉ် (၂) ဖွင့်ပွဲသို့ တက်ရောက်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jun 28,2023
မြန်မာနိုင်ငံလူမှုကူညီရေးအသင်း၊ ကချင်ပြည်နယ်မှ ကြီးမှူး၍ Rest In Peace Group နှင့် ပြည်နယ်အတွင်း ပရဟိတလူမှုကူညီရေးအသင်း/အဖွဲ့ (၂၀)ကျော်မှ အသင်းသား (၁၉၀)ဦးခန့်တို့ အတွက် နိုင်ငံတကာအဆင့်မီ အရေးပေါ်အသက်ကယ်ဆယ်ရေး(အခြေခံ)သင်တန်း အမှတ် (၂) ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၂၇ ရက် နံနက် ၉ နာရီက မြစ်ကြီးနားခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ပိုင် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ကယားပြည်နယ် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အထည်ဖော်ရေး ပြည်နယ်ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်မြို့၌ ကျင်းပ
Jun 28,2023
ကယားပြည်နယ် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အ ထည်ဖော်ရေးနှင့်ပတ်သက်၍ ပြည်နယ်ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေး (၅/၂၀၂၃) နှင့်စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ကြို့ပင်ကောက်မြို့တွင် ထိန်းချုပ်ဓါတုပစ္စည်းများ အလွဲသုံးမှုမရှိစေရေးစိုက်ပျိုးရေး ဆေးဆိုင်များအား စစ်ဆေးခြင်းများဆောင်ရွက်
Jun 28,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်းဆိုင်များတွင် ထိန်းချုပ်ဓာတုပစ္စည်း ထားရှိရောင်းချခြင်းရှိမရှိစစ် ဆေးခြင်းအား ယနေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။