၂၀၂၃ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မုံရွာ ဇွန် ၂၈

၂၀၂၃ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က အစည်း အဝေးသို့ တက်ရောလာကြသော တိုင်းဒေသကြီးအဆင့် ကော်မတီဝင်များအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် မြေပြင်အခက်အခဲများကို အလေးထား ဆွေးနွေးတင်ပြကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အ‌ခြေအနေများနှင့် ရှေ့လုပ်ငန်းစဥ်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် တက်ရောလာကြသည့် တိုင်းဒေသကြီးအဆင့် ကော်မတီအဖွဲ့ဝင်များက  လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေနှင့် အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ရှင်လင်းပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)