သတင်းများ

ခိုလမ်မြို့တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
Jun 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲအခမ်းအနား ကို ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ
Jun 28,2023
ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ပြည့်စုံစွာဖော်ပြပါရှိစေရန်ရည်ရွယ်၍ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီ အချိန်က မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကာလိမြို့၌လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်
Jun 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍  ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟု သုတများရရှိစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ‌ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပုဗ္ဗ​စျေးကြီး၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်
Jun 28,2023
ပုဗ္ဗသီရိမြို့နယ်၊ ဇဝနဒီပရပ်ကွက်၊ ပုဗ္ဗစျေးကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှဦးစီး၍ ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ကျင်းပပူဇော်သော အကြိမ် ၁၅၀-မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲတက်ရောက်
Jun 28,2023
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ကျင်းပပူဇော်သော အကြိမ် ၁၅၀-မြောက် မဟာပဋ္ဌာန်း​မြတ် ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက တက်ရောက်ခဲ့သည်။
မိုင်းဆတ်မြို့၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်
Jun 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီက အ.ထ.က(မိုင်းဆတ်)ရှိ မြတ်ပညာ ခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ် ကံချောင်းကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေ ( အဋ္ဌမ) အကြိမ်ထုတ်ချေးပေး
Jun 28,2023
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေးခြင်းကို ယနေ့နံနက် ၁၁ နာရီတွင် ကံ​ချောင်းကျေးရွာရှိ အသင်းသား အသင်းသူများအား (အဋ္ဌမ) အကြိမ်ပြန်လည်ထုတ်ချေးပေးကြသည်။
သီပေါမြို့နယ်တွင် အရပ်ရပ်အခွင့်အရေးလိုင်စင်များ ဈေးပြိုင်လေလံစနစ်ဖြင့်ရောင်းချခြင်း ပြုလုပ်ဆောင်ရွက်
Jun 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ၂၀၂၃−၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီပိုင်အရပ်ရပ်အခွင့်အရေးလိုင်စင်အသစ်အနေဖြင့်ဆောင်ရွက်မည့်စံဖိတ် ကျွဲနွားပွဲဈေးကောက်လိုင်စင်နှင့် နမ့်အွန်ကျွဲနွားပွဲဈေးကောက်လိုင်စင်(၂)ခုအား ဈေးပြိုင် လေလံစနစ်ဖြင့်  ရောင်းချခြင်းကိုယနေ့ နံနက်(၁၀)နာရီအချိန်က မြို့တော်ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။