ဆွမ်ပရာဘွမ်မြို့တွင် သွေးလွန် တုပ်ကွေးရောဂါကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဆွမ်ပရာဘွမ်  ဇူလိုင် ၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ယနေ့နံနက် ၈နာရီက မြို့ပေါ်ရပ် ကွက်များ၌ ကွင်းဆင်းဆောင်ရွက်‌ ပေးခဲ့သည်။

ထိုလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်(၃)ရပ်ကွက် အတွင်းရှိ နေအိမ်များ၌ တစ်အိမ်တက်ဆင်း ခြင်ကျားနှင့် ပိုးလောက်လမ်းနှိမ်နှင်းရေးအတွက် အုတ်ကန်၊ ရေအိုးများကို ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မီးတပ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးကျော့နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့များ၊  ရပ်ကျေးစာရေးများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဧပရယ်မိုး(ပြန်/ဆက်)