တောင်ကုတ် ဇူလိုင် ၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင်နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကြယ်တံခွန်ရောင်းဝယ်ရေးသမဝါယမအသင်းမှ နန်းအိကတ္တီပါဖိနပ်နှင့် ဖိနပ်မျိုးစုံကို ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိရာ ဇွန် ၃၀ နေ့ ညနေပိုင်းက မြို့နယ်သမဝါယဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မောင်ရီနှင့် ဝန်ထမ်းများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ကြယ်တံခွန်ရောင်းဝယ်ရေးသမဝါယမအသင်းမှ ထုတ်လုပ်သည့် နန်းအိကတ္တီပါဖိနပ်နှင့်နွေစီး၊ မိုးစီးဖိနပ်များအရည်အသွေးကောင်းမွန်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြယ်တံခွန်ရောင်းဝယ်ရေး သမဝါယမအသင်းသည် မြို့နယ်ရှိသမဝါယမအသင်းများ အနက်တစ်ခုတည်းသော ကုန်ထုတ်လုပ်သည့်အသင်း တစ်သင်းဖြစ်ပြီး ၎င်းအသင်းမှထုတ်လုပ်သည့် နန်းအိကတ္တီပါဖိနပ်နှင့် ဖိနပ်အမျိုးမျိုးကို သမဝါယမအသင်းစုများနှင့်ချိတ်ဆက်၍ ဖြန့်ဖြူးရောင်းချခြင်းများ အပြင်ပြင်ပပုဂ္ဂလိကများထံသို့လည်း သက်သာသောဈေးနှုန်းဖြင့် လက်လီလက်ကားရောင်းချပေးလျက်ရှိကြောင်းနှင့် (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယနေ့အထိမ်းအမှတ်အဖြစ် ကျင်းပမည့်အရောင်းပြပွဲသို့လည်း ပြသရန်ပို့ဆောင်ထားကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်တွင် သမဝါယမအသင်း(၆၈)သင်းရှိသည့်အနက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဖြင့်ဆောင်ရွက်နေသည့် အသင်း(၂)သင်းရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မောင်ရီထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)