ကျောက်ပန်းတောင်း ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် တည်ပင်တဲကျေးရွာအုပ်စု တည်ပင်တဲကျေးရွာတွင် လျှပ်စစ် ဝါယာကြိုးလျှော့ဖြစ်ရာမှ လောင်ကျွမ်းသည်ဟု တာဝန်ရှိသူများကယူဆသည့်၊ လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဇူလိုင် (၁) ရက်နေ့ နံနက် (၈:၁၀) နာရီက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တည်ပင်တဲကျေးရွာအုပ်စု၊ တည်ပင်တဲကျေးရွာမှ ဦးအောင်မျိုး ၏ (၂၁)ပေပတ်လည် သွပ်မိုး၊ ထရံကာ ၂ ထပ်လူနေ အိမ်တွင်လျှပ်စစ်ဝါယာရှော့ဖြစ်သည်ဟု ယူဆသည့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့်၊ မီးလောင်မှု သတင်းရလျင်ရချင်း ကျောက်ပန်းတောင်းမြို့နယ် မီးသတ်စခန်းမှ ဦးစီးမှူး ဦးကျော်နိုင်လင်း ဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင် များမှ မီးငြိမ်းသတ် ယာဉ် တစ်စီးဖြင့် သွားရောက် မီးငြိမ်းသတ်ခဲ့ရာ နံနက်(၈:၅၉)နာရီတွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်းနှင့် အဆိုပါ မီးလောင်မှုကြောင့် နေအိမ်တစ်ခုံလုံး မီးလောင်ကျွမ်းခဲ့ပြီး၊ ကျပ်(၈)သိန်းခန့်ဆုံးရှုံးခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်းသိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရပြီး၊ မီးပေါ့ဆစွာသုံးစွဲသူ ဦးအောင်မျိုးအား ဥပဒေနှင့်အညီ ရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)