မော်လမြိုင်ကျွန်း ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်အတွင်း စားသောက်ကုန် များကိုစျေးနှုန်း တည်ငြိမ်ရေးနှင့် ပြည်သူများအားစျေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်သည့် အခွန်လွတ်စျေးအား ယနေ့ နံနက် ၇ နာရီက အမှတ် (၁၃) ရပ်ကွက်၊ ဆရာစံလမ်း၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
အခွန်လွတ်ဈေးတွင်ရောင်းချနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွေး၊ အတွင်းရေးမှူးရဲမှူးမိုးစိန်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး မင်းလွင်၊ အဖွဲ့ဝင် (၂) ဦးစောဝဏ္ဏ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းဇော်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ အခွန်လွတ် စျေးတွင်ကုန်စျေးနှုန်းတည်ငြိမ်၍ အစားအစာဘေးကင်းလုံခြုံမှုရှိပြီး အာဟာရပြည့်ဝလတ်ဆတ် သည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနှင့် အခြားစား သောက်ကုန်များကို မိသားစုတိုင်းဖူလုံစွာစားသုံးနိုင်ရေးအတွက် ယခုကဲ့သို့ အခွန်လွတ်စျေးများကို တိုးချဲ့ဆောင်ရွက်ပေးခြင်းနှင့် ပြင်ပပေါက်စျေးထက် စျေးနှုန်းချိုသာစွာရောင်းချပေးခြင်းဖြစ် ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ ဆက်)