လားရှိုး ဇူလိုင် ၁
မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် (အကြို) စာတမ်းဖတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre Lashio) တွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့် ပတ်သက်၍ရှင်းလင်း ပြောကြားပြီး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူးဒေါ်တင်တင်ချိုက မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာတမ်းဖတ်ကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဒေါ်ခင်သန်းနွဲ့ (မမ-လားရှိုး) က ပြိုင်ပွဲများတွင် ဆုရွေးချယ်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ အထက်တန်း အဆင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာဉာဏ်စမ်းပဟေဠိပြိုင်ပွဲတို့တွင်ဆုရရှိသူများအား လားရှိုးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမျိုး နှင့်တာဝန်ရှိသူများ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)