ကျိုက်မရော ဇူလိုင် ၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျိုက်မရောမြို့နယ်ရုံးမှ ဦးဆောင်၍ နတ်စမ်းခေတ်မီစံပြကျေးရွာ၌ သဘာဝဘေးအန္တရာယ် ကာကွယ် ရေးနှင့်ပါတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉နာရီက ဘိန်းဗျောကျေးရွာ အုပ်စုရှိ နတ်စမ်း ခေတ်မီစံပြ ကျေးရွာဘောလုံးကွင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစိုးက ခေတ်မီစံပြကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများမှ သဘာဝပါတ်ဝန်းကျင် စိမ်းလန်းစိုပြေ ရေးနှင့်သဘာဝဘေးအန္တရာယ်ကာကွယ် ရေးအတွက် အရိပ်ရအပင် များစိုက်ပျိုး ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အရိပ်ရအပင် ဖြစ်သည့်မန်ဂျန်ရှားပျိုးပင် (၁၀၀)၊ အော်ရေးရှားပင်(၁၅၀)နှင့်မဟော်ဂနီပင်(၅၀)စုစုပေါင်းပျိုးပင်(၃၀၀)ကို ကျေးရွာ ပြည်သူ လူထုများနှင့် ပူးပေါင်းကာ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ယနေ့ပြုလုပ် သောနတ်စမ်းခေတ်မီစံပြ ကျေးရွာစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ် ဌာနဆိုင်ရာများ၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ နတ်စမ်းကျေးရွာ မှ ပြည်သူများက ပျိုးပင်ပေါင်း၃၀၀ကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)