ပူတာအို ဇူလိုင် ၁
၂၀၂၃ ခု နှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ကျရောက်သည့် (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပူတာအိုမြို့နယ် သမဝါယမအသင်းစုမှ ပူတာအိုမြို့နယ် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်(၆)နာရီမှစတင်၍ ပူတာအိုမြို့ မြို့မဈေး(နံနက်ဈေး)တွင် ရောင်းချပေးခဲ့သည်။
မိုးရာသီကာလရိက္ခာစုဆောင်းခြင်းကို တစ်ဖက်တစ်လှမ်းအထောက်အကူပြုနိုင်ရန်နှင့် ဒေသခံ ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် မြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့က စီစဉ်ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများ စိတ်၀င်တစား လာရောက်ဝယ်ယူအားပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချသည့် အခြေခံစားသောက်ကုန်များမှာ ဆန်(၁၀)အိတ်၊ ကြက်ဥအလုံး(၁၀၀၀)၊ ပဲဆီသန့် (၂၀)ပိဿာ၊ ဆား(၂၀)ပိဿာနှင့် ဒေသထွက်ကုန် များအား စုစုပေါင်းတန်ဖိုး (၁၄၇၀၀၀၀)ကျပ် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)