နမ္မတူ ဇူလိုင် ၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် Grade-9/Grade-12 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေ့ဦးစွာ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးက အမှာစကားပြောကြား ရာတွင် ကျောင်းသားကျောင်းသူများ၏ ဘက်စုံဖွံ့ဖြိုးမှုများရရှိစေရန်၊ သင်ကြားမှုသင်ယူမှု အရည်အသွေးများတိုးတက်မြင့်မားလာစေရန်၊ ဌာန၏ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ Grade-9/Grade-12 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်းရှင်းလင်း ပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်နိုင်က ထပ်ဆင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ Grade-9/Grade-12 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းအား ဇူလိုင်လ ပထမပတ်မှ တတိယပတ်အထိ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ၆ရက်တာ စာသင်ခန်း ၅ခန်း၊ နည်းပြ ဆရာဆရာမ ၈ဦး၊ သင်တန်းကြီးကြပ် ၄ဦးတို့ဖြင့် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများမှ ဆရာ/ဆရာမ စုစုပေါင်း ၃၁ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။
လူမော် (ပြန်/ဆက်)