ဓနုဖြူ ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာရောင်းချပေးခြင်းကို ယနေ့နံနက် ၈နာရီအချိန်က အမှတ်(၉)ရပ်ကွက်၊ မြဧရာဆောင်ရွက်မှု သမဝါယမအသင်းလီမိတက်ရုံးရှေ့၌ ပြုလုပ်ခဲ့သည်။
ထိုသို့ရောင်းချရာတွင် ဓနုဖြူမြို့နယ် သမဝါယမအသင်းမှ ပြည်သူများ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ် ကျဆင်းရေးအတွက်ရည်ရွယ်ပြီး၊ ဆန်(၁) ပြည်လျှင် ၃၀၀၀ ကျပ်နှုန်း၊ ဆီ (၁)ပိဿာ တစ်ဘူးလျှင် ၉၀၀၀ ကျပ်နှုန်း၊ ငံပြာရည်တစ်ဘူးလျှင် ၁၅၀၀ ကျပ်နှုန်း၊ ကော်ဖီမစ် အထုပ်ကြီး(၁)ထုပ်လျှင် ၆၀၀၀ ကျပ်နှုန်း၊ သွားတိုက်ဆေး (၁) ဘူးလျှင် ၁၆၅၀ ကျပ်နှုန်းနှင့် ဆပ်ပြာအဆီ(၁)ဘူးလျှင် ၁၂၀၀ နှုန်းဖြင့် ပြည်သူများအား ဈေးနှုန်းချိူသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)