သတင်းများ

ပင်လုံမြို့ အထက(၁)တွင် ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနားပြုလုပ်
Jul 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ အ.ထ.က(၁)ကျောင်းတွင် ငလျင်ဘေးအန္တရာယ် သဏ္ဌန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ တို့ ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
မြောက်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆောင်ရွက်
Jul 05,2023
ယနေ့ခေတ် လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲက စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် Youth Club အသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
ဒက္ခိဏသီရိမြို့နယ်တွင် ကျွဲ၊ နွား အကောင်ရေ ၆၀၀၀ အား ခွာနာ၊ လျှာနာ‌ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Jul 05,2023
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏာသိရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသ‌ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအားခွာနာ၊ လျှာနာ‌ရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်း၊ မွေးမြူသူများအား ခွာနာ၊ လျှာနာ‌ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့် ဝေခြင်းများကို ဇွန်လ ၂၀ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။
ဟင်္သာတ တက္ကသိုလ် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်အလိုက် ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ဟင်္သာတတက္ကသိုလ် အားကစားခန်းမရုံ၌ ယနေ့နံနက် ၉ နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်အလိုက် ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
မိုင်းငေါ့မြို့တွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာများရှိ မွေးကင်းစမှ အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် (၉)နာရီအချိန်က မိုင်းငေါ့မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ပါသည်။
နမ့်စန်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Jul 04,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မုဒုံမြို့၌ အကြိုအခြေခံ မီးသတ်သင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 04,2023
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် အကြို အခြေခံ မီးသတ်သင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က မီးသတ်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။
ကျောက်ဆည်မြို့နယ်တွင် နဂါးမောက်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jul 04,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ညောင်ရွေကျေးရွာတွင် စိုက်ပျိုးထားသော နဂါးမောက်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် နဂါးမောက်သီးနှံအနီမျိုး အပင်(၂)ထောင်စိုက်ပျိုးပါက ကုန်ကျစရိတ်အနေဖြင့် မျိုးပင်၊ စိုက်ပျိုးခ၊ ကွန်ကရစ်တိုင်နှင့် ငြမ်းစင်ပြုလုပ်ခြင်း အပါအဝင် ငွေကျပ် (၃၁၅) သိန်းခန့် ကုန်ကျကြောင်း တောင်သူ ဦးစံမြင့်က ပြောပြသည်။