သတင်းများ

ကျွန်းစုမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အင်ဂျင်စက်ပြင်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပ
Jul 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး‌ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အင်ဂျင်စက်ပြင်သင်တန်းကို ဇွန်လ(၂၀)ရက်နေ့မှ ဇူလိုင်လ(၄)ရက်နေ့အထိ (၁၅)ရက်သင်တန်း ဖွင့်လှစ်သင်ကြားပြီးဖြစ်ရာ သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မအိုင်ကျေးရွာအုပ်စု၊ မစမ်းပါးကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူနေမှုများ ကြည့်ရှုအားပေး
Jul 05,2023
ကယားပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင် ရာအချက်အလက် (Biometric)များ ကောက်ယူခြင်း နှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် ကျောင်းကျန်းမာရေး ပညာပေးဟောပြောပွဲ ကျင်းပ
Jul 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကျောင်းကျန်းမာရေး ပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက တိုက်သစ်သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်မှ ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ဧက(၁၀၀)အတွက် တိုးချဲ့စိုက်ပျိုးရေပေးဝေမည်
Jul 05,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၊ မြင်က၀ကျေးရွာအုပ်စု အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းက ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးတောင်သူများအတွက် ဧက(၁၀၀) စိုက်ပျိုးရေတိုးချဲ့ပေးဝေသွားမည်သည်။
ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ သင်္ကန်းစုံများနှင့်ကျောင်းအသုံးအဆောင်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Jul 05,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့၊ နံနက် ၁၀ နာရီက ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ သင်္ကန်းစုံများနှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများအား သွားရောက်ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။
မိုးသီးနှံ မိုးနေကြာမျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Jul 05,2023
မိုးသီးနှံ မိုးနေကြာမျိုးစေ့နှင့် သွင်းထားစုများဖြစ်သည့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ၂၀၂၃ ခုနှစ်၊ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုးကောင်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား မှုခင်းပိုင်းနှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော
Jul 05,2023
ကျောင်းသား၊ ကျောင်းသူများ လမ်းသွားလမ်းလာ စနစ်တကျစည်းကမ်းရှိစွာ သွားလာတတ်စေရန်ရည်ရွယ်၍ မိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့မှ အခြေခံပညာအထက်တန်းကျောင်းများတွင် မှုခင်းပိုင်းနှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်(၄)ရက်နံနက်(၁၀)နာရီတွင် အ.ထ.က(၂)ကျောင်း ရတနာခန်းမဆောင်၌ ဆောင်ရွက်ကြောင်း သိရသည်။
မြောင်းမြမြို့၌ (၁၀၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာသမဝါယမ‌နေ့ ကိုဂုဏ်ပြုသောအားဖြင့် မြမျိုးသန့် မျိုးစေ့ထုတ် သမဝါယမအသင်းအားပံ့ပိုးချေးငွေထုတ်ပေးခြင်း၊ စုဆောင်းငွေအပေါ်အတိုးနှင့်အသင်းသား ထောက်ပံ့ခြင်းအခမ်းအနားကျင်းပ
Jul 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် (၁၀၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာသမဝါယမ‌နေ့ကို ဂုဏ်ပြုသောအားဖြင့် မြမျိုးသန့် မျိုးစေ့ထုတ် သမဝါယမအသင်းအား ပံ့ပိုးချေးငွေထုတ်ပေးခြင်း၊ စုဆောင်းငွေအပေါ်အတိုးနှင့်အသင်းသား ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀:၀၀နာရီအချိန်က သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။