သတင်းများ

မချမ်းဘောမြို့နယ်၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 04,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် သဘာပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို သိရှိစေရန်ရည်ရွယ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက အင်ဘူးဘော့ကျေးရွာ၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ခိုလမ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး အခြေခံပညာစာသင်ကျောင်းများသို့ ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်
Jul 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့်ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီ ၃၀ မိနစ်အချိန်က အခြေခံပညာစာသင်ကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။
ပင်းတယ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်
Jul 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို
နောင်တရားမြို့၌ စပါးအထွက်နှုန်းတိုးတက်မြင့်မားရေး ကွင်းဆင်းစစ်ဆေး
Jul 04,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ ဆယ်ခေါင်းကျေးရွာအတွင်း၌ လယ်စပါးစိုက်ပျိုးသည့် တောင်သူများ စပါးအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇူလိုင်လ ၃ ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်သည်။
ခိုလမ်မြို့၊ အ.မ.က(၂၉)မိုင်ကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်
Jul 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ.မ.က (၂၉)မိုင်ကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
ကော့မှူး၌ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ
Jul 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်က တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ စတင်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ကာလိမြို့၌ သွေးလွန်တုပ်ကွေးရောဂါ မပြန့်ပွားစေရေးအတွက် အသိပညာပေးခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်
Jul 04,2023
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကာလိမြို့၌ သွေးလွန်တုပ်ကွေးရောဂါ မပြန့်ပွားစေရေးအတွက် အသိပညာပေးခြင်း၊ ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း ကို ယနေ့နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သံတောင်ကြီးဒေသထွက် သဘာဝပျားရည်များ ဝယ်လိုအားကောင်းပြီးဈေးကောင်းရရှိ
Jul 04,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသအတွင်းရှိ သဘာဝပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်း၊ သဘာဝပျားရည်စစ်စစ် ကိုသာထုတ်လုပ်ရောင်းချသည့်အတွက် ယခုနှစ်တွင် သံတောင်ကြီးဒေသထွက်ပျားရည်များဝယ်လိုအားပြီး ဈေးကောင်းရရှိကြောင်း သိရသည်။