သတင်းများ

သံတောင်ကြီးမြို့နယ် သဲပျော်အထက်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းနှင့် သင်တန်းပြုလုပ်
Jul 04,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံဖြိုးတိုးတက်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း ၊စာရင်းထိန်းသိမ်းနည်းပုံစံများ နှင့်လိုအပ်သည်များ ရှင်းလင်းပို့ချခြင်းသင်တန်းကို ယနေ့ နံနက်(၉)နာရီအချိန် သဲပျော်အထက်ကျေးရွာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းခြင်းနှင့် စာရင်းဇယာများပြည့်စုံမှန်ကန်စွာဖြည့်သွင်းနိုင်ရန် နှင့် ကျေးလက်ဉပဒေများသိရှိစေရန် ရည်ရွယ် ပြီးကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများ ကရှင်းလင်းပို့ချပေးခဲ့ပြီး သင်တန်းတွင် သဲပျော်အထက်ကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) မတီဝင်များက တက်ရောက်ခဲ့ကြောင်းသိရသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ နွားပြဂူဘုရားဖူးမြှော်ပြီး (၁၃) ရာစု နံရံဆေးရေးပန်းချီများကို လေ့လာနိုင်
Jul 04,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလာရောက်သည့်အခါ အေဒီ (၁၃) ရာစုကတည်ထားသည့် နွားပြဂူဘုရားကိုဖူး မြှော်ပြီး နံရံဆေးရေးပန်းချီများကို လေ့လာနိုင်ကြောင်း သိရသည်။
ငဖဲမြို့နယ်၌ ဆီထွက်သီးနှံ မိုးနှမ်း ၁၃၁၆ ဧက လျာထားချက်ထက် ပိုမိုကျော်လွန်စိုက်ပျိုးနိုင်
Jul 04,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်၊ ရင်းရှည် ဆည်နှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် မိုးသီးနှံ နှမ်း ဧက ၉၄၄၀ စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့ထိ ၁၀၇၅၆ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်၍ လျာထား ချက်ထက် ၁၃၁၆ ဧက ပိုမိုကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် နှမ်းသီးနှံများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ငဖဲမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေး
Jul 04,2023
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်အတူ မြို့နယ်စံမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့၊ နံနက်(၁၀)နာရီက ပုဏ္ဏားကျွန်းမြို့နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
မိုင်းယုမြို့၌ ကုန်စုံဆိုင်နှင့် ဈေးဆိုင်များ လုပ်ငန်းလိုင်စင်ဆောင်ရွက်ထားခြင်းရှိ/မရှိ လိုက်လံစစ်ဆေး
Jul 04,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဒေသတွင်းရှိ ကုန်စုံဆိုင်နှင့် ဈေးဆိုင်များ လုပ်ငန်းလိုင်စင်ဆောင်ရွက်ထားခြင်းနှင့် သက်တမ်းတိုးထားခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့တွင်းရှိ ကုန်စုံဆိုင်များနှင့် ဈေးဆိုင်များသို့ လိုက်လံစိစစ်စစ်ဆေးခဲ့ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ပျိုးပင်များစိုက်ပျိုး
Jul 04,2023
မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားအား ယနေ့နက်ပိုင်းက ပုသိမ်မြို့၊ ကွန်ပျူတာတက္ကသိုလ်ဝန်းအတွင်း၌ ပြုလုပ်ခဲ့ရာ သစ်ပင်စိုက်ပျိုးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
မိုင်းရှူးမြို့နယ်တွင် အသက်(၅)နှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံပေးခြင်းနှင့် RUSF(အာဟာရမုန့်)ဝေငှပေးခြင်း ဆောင်ရွက်
Jul 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အသက်(၅)နှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံပေးခြင်းနှင့် RUSF(အာဟာရမုန့်)ဝေငှပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ‌ဆောင်ရွက်ပေးလျက်ရှိသည်။
ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်
Jul 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းအား ယနေ့နံနက်(၈:၀၀)နာရီအချိန်ခန့်ကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။