သတင်းများ

နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ(၁၀/၂၀၂၃) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ကရင် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကျင်းပ
Jul 05,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ(၁၀/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် စာ‌ပေဖတ်ရှုမှု ပိုမိုမြင့်မားလာ‌စေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Jul 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်ကအမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်ရှိ တောင်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး တွေ့ဆုံဆွေးနွေး
Jul 05,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ရှားစေးဖိုကျေးရွာရှိ ဓမ္မပါလဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ တောင်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ပျဉ်းမနားမြို့နယ်၌ အသက် နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ တိုက်ကျွေး
Jul 05,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် အသက် နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများကို ယနေ့နံနက် ၈ နာရီက ရန်အောင် ၂ ရပ်ကွက်ဓမ္မာရုံ၌ ဆက်လက်ထိုးနှံ တိုက်ကျွေးကြောင်း သိရသည်။
ကျောက်မဲမြို့ ပေါ်ရှိ စားသာက်ဆိုင်များအား တာဝန်ရှိသူများကွင်းဆင်း စစ်ဆေး
Jul 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ စည်ပင်သာယာရေးနယ်နမိတ်အတွင်းရှိ စား‌သောက်ဆိုင်များ သတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချမှုရှိ/မရှိ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းမှစ၍ ကွင်း‌‌ဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
တောင်ငူမြို့၌ ခရိုင်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်ရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Jul 05,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ ခရိုင်အဆင့်ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်ရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့နံနက် (၇) နာရီခွဲအချိန်က ကျင်းပခဲ့သည်။
နောင်ချိုမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ထောက်ပံ့
Jul 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်ဖြစ်သည့်(ဧပြီ၊ မေ၊ ဇွန်)လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က  အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
ကချင်ပြည်နယ် အမျိုးသမီးကော်မတီက ကြီးမှူး၍ မြစ်ကြီးနားမြို့၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ၊ ပြည်နယ်အတွင်းရှိ နယ်ပယ်အသီးသီးမှ အမျိုးသမီးထူးချွန်သူများအား ဂုဏ်ပြုချီးမြှင့်
Jul 05,2023
ကချင်ပြည်နယ် အမျိုးသမီးကော်မတီကကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားနှင့် ပြည်နယ်အတွင်းမှ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။