သတင်းများ

ဒဂုံမြို့နယ်တွင် (၇၆)နှစ်​မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကျင်းပ
Jul 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အခြေခံပညာကျောင်းများတွင် ဇူလိုင်လ ၃ ရက်နေ့ နံနက် ၈း၃၀ အချိန်က (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  ဟောပြောပွဲ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ အသီးသီးကျင်းပ​ဆောင်ရွက်ခဲ့ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၂-၂ဝ၂၃ ခုနှစ်၊ နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားတက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး
Jul 05,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၂-၂ဝ၂၃ ခုနှစ်၊ နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် သစ်ဆိမ့်ပင်ကျေးရွာအုပ်စု အဆင့်မြင့်လယ်ယာမြေဧက ၂၀၀ စိုက်ကွင်း ရှင်း​လင်းဆောင်၌ ကျင်းပသည်။
ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက လေဘေးသင့်ပြည်သူများသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များထောက်ပံ့သော ထပ်မံရောက်ရှိလာသည့် ပစ္စည်း(၂၂)မျိုးအား မြန်မြန်ဖြန့်ဝေနိုင်ရေးအတွက် ထောက်ပံ့ပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့
Jul 05,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက လေဘေးသင့်ပြည်သူများသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သော ထပ်မံရောက်ရှိသည့်ပစ္စည်း(၂၂)မျိုးအား ထောက်ပံ့ပစ္စည်းများဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့မှ ဖွင့်ဖောက်စစ်ဆေးပြီး
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ငှားရမ်းခွင့်လျှောက်လွှာများ  မြို့နယ်ထွေ/အုပ်ရုံးများတွင် စတင်ရောင်းချ
Jul 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်အတွင်းရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ ငှားရမ်းခွင့် လျှောက်လွှာများ တစ်စောင် (၃၀၀၀) ကျပ်နှုန်းဖြင့် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူးရုံးများတွင် ဇူလိုင်လ (၃)ရက် မှစတင်၍ ရောင်းချပေးနေပြီဖြစ်ကြောင်း DUHD -Ygn ၏ ကြေညာချက်အရ သိရသည်။
ပင်လောင်းမြို့တွင် စားသောက်ဆိုင်များ တရားဝင် ယစ်မျိုးလိုင်စင်လုပ်ငန်းများဖြင့် ရောင်းချ မှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး
Jul 05,2023
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့တွင် ဖွင့်လှစ်ရောင်းချနေသည့် စားသောက်ဆိုင်များ တရားဝင် ယစ်မျိုးလိုင်စင်လုပ်ငန်းများနှင့် စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ၊မရှိကို  ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရွှေပြည်သာမြို့နယ်၌‌ မွေးကင်းစမှအသက်(၂)နှစ်အထိကလေး သူငယ်များအားပုံမှန် ကာကွယ်ဆေးထိုးခြင်းများဆောင်ရွက်
Jul 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင်‌ မွေးကင်းစမှ (၂)နှစ်အထိ ကလေးသူငယ်များ အားပုံမှန်ကာကွယ်ဆေးထိုခြင်းများကို ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံနှင့်ရပ်ကွက်များရှိ ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီတွင် အမှတ်(၁၆)ရပ်‌ ကျန်းမာရေးဆေးပေခန်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြောင်းမြခရိုင် Community Centre တွင် မြန်မာအမျိုးများနေ့ကို  ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် အမျိုးသမီးဘဝ ဖွံ့ဖြိုးဖို့ ဝိုင်းဝန်းကြိုးပမ်းစို့ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပ
Jul 05,2023
ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community   Centre) ခန်းမတွင် မြန်မာအမျိုးသမီးနေ့ကို ကြိုဆိုဂုဏ်ပြုသောအနေဖြင့် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ‌မြောင်းမြမြို့နယ် အမျိုးသမီး‌ရေးရာအဖွဲ့နှင့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးဖို့ ဝိုင်းဝန်းကြိုးပမ်းစို့ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။
မိုးသီးနှံ မိုးနေကြာမျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Jul 05,2023
မိုးသီးနှံ မိုးနေကြာမျိုးစေ့နှင့် သွင်းထားစုများ ဖြစ်သည့် ဓာတ်မြေဩဇာများ ထောက်ပံ့ ပေးအပ်ပွဲကို ၂၀၂၃ ခုနှစ်၊ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။