သတင်းများ

သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူများအနက် (၁၂၅) ဦးအား RDT Test Kit ဖြင့်စစ်ဆေး
Jan 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူများအနက်မှ (၁၂၅) ဦး၏ Swab နမူနာများအား (၃၄) ကြိမ်မြောက် ဓာတ်ခွဲခန်းစစ်ဆေးရန် ယမန်နေ့က ရယူခဲ့ကြောင်း သိရ သည်။
ရွှေဘိုမြို့တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 27,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့တွင် ကျန်းမာရေးဝန်ထမ်းများအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်လည်းကောင်း၊ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမနှင့် သီးသန့် လူနာဆောင် တို့တွင် လည်းကောင်း ယနေ့ နံနက်(၁၀)နာရီမှစတင်၍ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးများကို စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည် ။
ညောင်ရွှေမြို့နယ် သမဝါယမအသင်းစုမှ ရေထွက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Jan 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းစုတို့ ပေါင်းစပ်ညှိနှိုင်း၍ ကိုဗစ်-၁၉ ကာလအတွင်း ရေထွက်ကုန်ပစ္စည်းများကို စားသုံးသူ ပြည်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ယနေ့ နံနက်ပိုင်းမှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဘောဂလိမြို့အတွင်း ကျေးရွာများ၌ ကျွဲနွားလည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းဆောင်ရွက်
Jan 27,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၌ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် တရိစ္ဆာန်များကို ကူးစက်ရောဂါများမှ ကြိုတင် ကာကွယ်ရန် အတွက် ကာကွယ်ဆေးထိုးနှံပေး ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဖြတ်လမ်းကူး ကျေးရွာ၌ ကျွဲနွားလည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ဘောဂလိမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတာဝန်ခံ စောခင်စိုးမူးက ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ဘောဂလိမြို့အတွင်းရှိ အသက်(၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား ပထမသုံးလပတ် လူမှုရေးပင်စင်များ ပေးအပ်ခြင်းဆောင်ရွက်
Jan 27,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ဘောဂလိမြို့အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် လူမှုရေး ပင်စင် ထောက်ပံ့ကြေးခံစားနေရသည့် ဘိုးဘွားများအား ထောက်ပံ့ များပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၀) နာရီအချိန်က မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၌ အိမ်တိုင်ရာ ရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပင်လုံမြို့၊ ဆဟောင်းကျေးရွာအုပ်စု ကိုးနဝင်းစေတီပတ်ဝန်းကျင်ကျေးရွာများတွင် လျှပ်စစ်မီး သွယ်တန်းခြင်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Jan 27,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ရှိ လျှပ်စစ်မီးလင်းရန် အခက်ခဲဖြစ်နေသော ကျေးရွာများအား လျှပ်စစ်မီးလင်းနိုင်ရေးအတွက် ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေဖြင့် ရတနာမိုးထက်အောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကလိန်အောင်မြို့ဆုတောင်းပြည့်ဆံတော်ရှင်စေတီတော်မြတ်ကြီးတောင်ပေါ်နေရပ်ပြန်အသွားအလာစောင့်ကြည့်ရေးစခန်း(Quarantine Centre)တွင် ပထမဆုံး ကိုဗစ်-၁၉ positive လူနာ(၁)ဦးတွေ့ရှိ
Jan 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ဆုတောင်းပြည့်ဆံတော်ရှင်စေတီတော်မြတ်ကြီး တောင်ပေါ် နေရပ်ပြန် အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်း(Quarantine Centre)၌ ပြည်ပနှင့် ပြည်တွင်းမှ နေရပ်ပြန်များအား ကျန်းမာရေးစစ်ဆေးပေးလျက်ရှိရာယမန်နေ့ ညနေတွင်ပထမဆုံး ကိုဗစ်-၁၉ positive လူနာတစ်ဦး တွေ့ရှိကြောင်းသိရသည်။