မြောင်းမြခရိုင် Community Centre တွင် မြန်မာအမျိုးများနေ့ကို  ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် အမျိုးသမီးဘဝ ဖွံ့ဖြိုးဖို့ ဝိုင်းဝန်းကြိုးပမ်းစို့ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပ

မြောင်းမြ  ဇူလိုင်  ၅

ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community   Centre) ခန်းမတွင် မြန်မာအမျိုးသမီးနေ့ကို ကြိုဆိုဂုဏ်ပြုသောအနေဖြင့် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ‌မြောင်းမြမြို့နယ် အမျိုးသမီး‌ရေးရာအဖွဲ့နှင့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးဖို့ ဝိုင်းဝန်းကြိုးပမ်းစို့ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က ဆွေးနွေးပွဲဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ခင်မို့မို့အောင်က အမျိုးသမီးထုဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးရေးရာ ကော်မတီ၏ ဆောင်ရွက်ချက်များ၊ ဒေါ်‌ဆန်းမြင့်က အမျိုးသမီးများ အကြမ်းဖက်မှုလျော့နည်းပပျောက်ရေး၊ ဒေါ်အိအိစိုးက အမျိုးသမီးများ၏ စီးပွားရေးစွမ်းဆောင်မှု အစဉ်အလာ၊  ဒေါ်ခင်ဇာခြည်မျိုးက အမျိုးသမီးများ၏ တာဝန်နှင့်ဝတ္တရား ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက  မိမိတို့၏ ထင်မြင်ယူဆချက်များ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များစာဖတ်ရှိန်မြင့်မားလာပြီး အသိပညာ ဗဟု သုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေဝေ(မြောင်းမြ)