ပွင့်ဖြူမြို့နယ် လက်ပံချည်ပေါ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Jul 05,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် လက်ပံချည်ပေါ်ကျေးရွာရှိ စီမံကိန်းဝင်အသင်းသား ၊ အသင်းသူများကို မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ကွင်းဆင်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။