သတင်းများ

ကျိုင်းတုံမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်ကူပြု မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသကြက်များ ဖြန့်ဖြူးပေးအပ်
Jul 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်ထောင်စု ရန်ပုံငွေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိမ်းအစားထိုး မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် မိုင်းခွန်ကျေးရွာအုပ်စု၊ ဝမ်အွယ်ကျေးရွာတွင် ယမန်နေ့မွန်းလွှဲပိုင်းက ဒေသကြက်များဖြန့်ဖြူးပေးကြောင်း သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်
Jul 05,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကိုယ့်ကိုယ်ကိုယ်ပြဌာန်းခြင်း စာအုပ်မှစာရေးဆရာ အောင်သင်း၏ “သင်ရောက်သည့် နေရာမှာရပ်နေမည်လား” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Cemtre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် မွေးကင်းစမှ အသက် (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Jul 05,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ရပ်ကွက်နှင့် ကျေးရွာများရှိ မွေးကင်းစမှ အသက် (၁) နှစ်ခွဲအထိ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့ နံနက် (၉) နာရီကစတင်၍ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းခရိုင် ပြန်/ဆက်ရုံးတွင် ပန်းအလှဆင်သင်တန်းဖွင့်
Jul 05,2023
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ပန်းအလှဆင်သင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ကံမမြို့နယ်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 05,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့နယ်ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကိုပြုလုပ်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်လှိုင်နှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းနှင့်ဝန်ထမ်းများ၊ ကံမမြို့နယ်အတွင်းမှ တစ်ပိုင်တနိုင် စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်စုံဆိုင်ပိုင်ရှင်များ တက်ရောက်ခဲ့ကြသည်။
စာဖတ်ရှိန်မြင့်တင်ရေးအတွက် Mobile library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး
Jul 05,2023
စာငှား၊ စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် မြင်းမူမြို့နယ် ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများသည် စာပေဝါသနာရှင်များလက်ဝယ်အရောက် မိုဘိုင်းစာငှား စနစ်ဖြင့် စာအုပ်စာစောင်များကို ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်၍ စာအုပ်များ ငှားရမ်းပေးခဲ့သည်။
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Club အဖွဲ့များပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
Jul 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ Club အဖွဲ့များပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “ချစ်လို့ပြောတာမှတ်ပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့နယ်တွင် မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေး
Jul 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကလေးတိုင်းကျန်းမာပျော်ရွှင်စွာ ကြီးထွားလာစေရန်အတွက် မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မဘိမ်းမြို့နယ်ခန်းမ၌ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရှိရသည်။