ဓနုဖြူ ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ ကျောင်းသုံးပစ္စည်းများ ပညာဒါန လှူဒါန်းခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက မြတ်သုခကျော်နှင့် ဖိုက်စတား မိသားစုတို့မှ လှူဒါန်းခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဟိန်းထက်ဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အဖွဲ့ဝင်(၂)ဦးစိန်မောင်ဝင်းမှ ယခုလို ကျောင်းသုံးပစ္စည်းများ ပညာဒါန လှူဒါန်းရခြင်းဖြင့် ပညာပါရမီကုသိုလ် အကျိုးကျေးဇူးများရရှိနိုင်ကြောင်းပြောကြားခဲ့သည်။ အဆိုပါ လှူဒါန်းပစ္စည်းများဖြစ်သော ဗလာစာအုပ်(၁၀၀)ဒါဇင်၊ လက်ရေးလှစာအုပ်(၅၀)ဒါဇင်၊ ပေတံ(၁၇၀)ချောင်း၊ ခဲတံ (၁၈၂)ဒါဇင်၊ ကွန်ပါဗူး(၁၀၀)ဗူး၊ ခဲတံချွန်စက်(၁၇၀)ခု၊ ခဲဖျက်(၁၅၀)ခုနှင့် ခဲတံထည့်အိတ်(၅၀)ခုတို့အား အခြေခံပညာကျောင်းများရှိ ကျောင်းအုပ်ဆရာမကြီးများထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှဌေးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)