မာန်အောင် ဇူလိုင် ၄
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မြန်မာအမျိုးသမီးများနေ့ကိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေရေး၊ ရာသီဥတု ကောင်းမွန်မျှတလာစေရေး၊ ပြည်သူများမှ သစ်ပင်သစ်တောများကို ပိုမိုချစ်ခင်မြတ်နိုးတန်းဖိုးထားတတ်လာစေရေးရည်ရွယ်၍ မန်ဂျန်ရှား(၅၀)ပင်၊ ယူကလစ်(၅၀)ပင် စုစုပေါင်းအပင်(၁၀၀)အား မြို့နယ်သစ်တောဦးစီးဌာန၊ တာဝန်ခံမှအမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအမျိုးသမီးဝန်ထမ်းများအားပေးအပ်ကာ တပျော်တပါးစိုက်ပျိုးခဲ့ကြသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပွဲတော်သို့ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအမျိုးသမီးဝန်ထမ်းများစုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)