ညောင်ဦး ဇူလိုင် ၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်းဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ သမိုင်းအထင်ကရဘုရားများတွင် ရောင်းချနေသည့် ဈေးသည်များ ဈေးဆိုင်ခန်းများ စည်းစနစ်ကျစွာရောင်းချနိုင်ရေးကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၈ နာရီ အချိန်မှ စတင်ကာ သက်ဆိုင်ရာဌာနဆိုင်ရာများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း သမိုင်းအထင်ကရ ဘုရားများဖြစ်သည့် ရွှေစည်းခုံဘုရား၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ စူဠာမဏိဘု ရားတို့တွင်ရောင်းချလျက်ရှိသည့် ဈေးဆိုင်ခန်းများ၊ ဈေးသည်များအား စည်းစနစ်ကျစွာ ရောင်းချ နိုင်ရေးအတွက် ဈေးရောင်းချရာတွင် ရှေးဟောင်းဘုရားများထိခိုက်နိုင်သည့် ဈေးရောင်းချမှုများ၊ ရှေးဟောင်းဘုရားများ မြင်ကွင်းကွယ်စေမည့်ဈေးရောင်းချမှုများ၊ ဘုရားဖူးလာရောက်သူများ စိတ်အနှောက်အယှက်ဖြစ်စေမည့် ဈေးရောင်းချမှုများနှင့်ဒေသခံပြည်သူများ ဈေးရောင်းချရာတွင် ရှေးဟောင်းအဆောက်အအုံများ ထိခိုက်စေမည့် ဈေးရောင်းချမှုများ မရှိစေရန်နှင့် ဈေးဆိုင်ခန်းများ ရှေးဟောင်းဘုရားများဝင်းအပြင်ဘက် ဆောက်လုပ်ရာတွင် စနစ်တကျရှိစေရေးကွင်းဆင်းစစ်ဆေးခြင်းအား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ဦးမြင့်သန်း(ဒုတိယညွှန်ကြားရေးမှူး)နှင့်ဝန်ထမ်းများ၊ ခရိုင်သာသနာရေးဦးစီးဌာနမှ ဦးနေလင်းသိန်း(လက်ထောက်ညွှန်ကြားရေးမှူး)နှင့်ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာ ဘုရားဂေါပက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း