သတင်းများ

နတ်မောက်မြို့၌ Biometric အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်
Jun 26,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် “EI-Dစနစ်ဖြင့် လူမှုစီးပွားဘဝအဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်ကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စများ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့်
မင်းလှမြို့ ဇေယျာသီရိစျေးတွင် ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 26,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေးအတွက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ယနေ့နံနက် ၈ နာရီက မင်းလှမြို့ ဇေယျာသီရိစျေးတွင် စျေးရောင်းစျေးဝယ်ပြည်သူများ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ပြည်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ "စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ" အွန်လိုင်းအသိပညာပေး Talk Show ပြုလုပ်
Jun 26,2023
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပြန်ကြားရေး​နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက "စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ" အွန်လိုင်းအသိပညာပေးTalk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။
ကံမမြို့နယ် အ‌ခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jun 26,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက်၊ မင်းကုန်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်ပေါ် ဌာနဆိုင်ရာရုံးများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများ အပတ်စဉ်ဆောင်ရွက်
Jun 26,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဌာနဆိုင်ရာရုံးများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခြင်းကို အပတ်စဉ်တနင်္လာနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ဌာနဆိုင်ရာရုံးများတွင် အသီးသီးဆောင်ရွက်ခဲ့ကြသည်။
အထက-တနင်္သာရီတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးရေးဖြေပြိုင်ပွဲပြုလုပ်
Jun 26,2023
၂၀၂၃ခုနှစ်၊ ဇွန်လ၂၆ရက်နေ့တွင် ကျရောက်သည့် (၃၆) နှစ်မြောက်၊ အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ဇွန်လ၂၆ ရက်နေ့ နံနက် ၉ နာရီအချိန်မှ ၁၁ နာရီခွဲအထိ အထက-တနင်္သာရီကျောင်း Grade-12 စိန်ပန်း စာသင်ဆောင်အတွင်း ကျင်းပပြုလုပ်သည်။
နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပြည်သူ့ဝန်ထမ်းအငြိမ်းစားများမှ ဆိုလာနှင့်ဘက်ထရီအိုး လှူဒါန်းပေး
Jun 26,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပြည်သူ့ဝန်ထမ်း အငြိမ်းစားများမှ စုပေါင်းလှူဒါန်းသည့် ဆိုလာနှင့်ဘက်ထရီအိုးကို ယမန်နေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံပေးအပ် လှူဒါန်းခဲ့သည်။
ရန်ကင်းပညာရေးဒီကရီကောလိပ်တွင် လူငယ်ရေးရာဟောပြောပွဲကျင်းပပြုလုပ်
Jun 26,2023
လူငယ်လူရွယ်များစာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရေးနှင့် မြန်မာစာပေအပေါ် ချစ်မြတ်နိုးလာတတ်စေရန် ရည်ရွယ်လျှက် လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် လူငယ်အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းပညာရေးဒီကရီကောလိပ်တွင် ကျင်းပခဲ့သည်။