သတင်းများ

နတ်မောက်မြို့နယ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 27,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေဖြင့် ဆောင်ရွက် ထားရှိသည့် လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းသည် မြို့ပေါ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်
Jun 27,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းသည် မြို့ပေါ်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
မိုးမိတ်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Jun 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လည် ၂ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကျွဲ၊ နွားများ ခွာနာ၊လျှာနာရောဂါ ကင်း‌ဝေးစေရေး ကြိုတင်ကာကွယ်ဆေးများ အခမဲ့ ကွင်းဆင်းထိုးနှံပေး
Jun 27,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျွဲ၊နွားများတွင် ဖြစ်ပွားတတ်သည့် ခွာနာ၊လျှာနာရောဂါများကင်းဝေးစေရေး ကြိုတင်ကာကွယ်ဆေးများကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အခြေခံတိရိစ္ဆာန်ကျန်းမာရေးလုပ်သားများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျေးရွာများသို့ အခမဲ့ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ
Jun 27,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး
Jun 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ကျွန်းလှမြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့မြို့မစျေးတွင် ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Jun 27,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရန်အတွက် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး မြို့မစျေးတွင် စျေးရောင်းစျေးဝယ်ပြည်သူများ ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက် ခဲ့သည်။
ရမည်းသင်းခရိုင်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းပြုလုပ်
Jun 27,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းတို့ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင်ဗဟုသုတများ ဆွေးနွေးဖလှယ်နိုင်စေရန်နှင့်စာတတ်သူတိုင်း စာဖတ်လာစေရန် ရည်ရွယ်၍ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။