သတင်းများ

ကာမိုင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ
Jun 26,2023
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမူနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး‌နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်(၁၀) နာရီက အ.ထ.က(ခွဲ) မြို့မ-၂ ကျောင်း၌ ကျင်းပသည်။
ပန်းတနော်မြို့၌ အမျိုးသမီးများ အခွင့်အရေးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်
Jun 26,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီးများ အခွင့်အရေးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့ နံက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန အဆောက်အအုံ ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဖျာပုံမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြည်သူများသို့ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Jun 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံ စားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက်
ညောင်ဦးခရိုင်တွင် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဆိုပူဇော်မှုပြိုင်ပွဲ ခရိုင်အဆင့်ကျင်းပ
Jun 26,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့တွင် ခရိုင်အဆင့်ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်ရွတ်ဆိုပူဇော်မှုပြိုင်ပွဲကို ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ဇွန် ၂၆ ရက်၊ ယနေ့ နံနက် ၉ နာရီ အချိန်ရွတ်ဆိုပူဇော်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
သီပေါမြို့ တိန်းချေ၊ တိန်းစံကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ရောင်းချလျက်ရှိသည့် ကျောင်းမုန့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး
Jun 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် တိန်းချေ၊ တန်းစံကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် ရောင်းချလျက်ရှိသော ကျောင်းမုန့်ဈေးဆိုင်များတွင် ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချမှုမရှိစေရေးနှင့် ရောင်းချခြင်းရှိ၊ မရှိတို့ကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများက ယနေ့နံနက် (၁၀)နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် ဓမ္မစကူးလ်ကျောင်းဖွင့်ပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ
Jun 26,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လောကမာန်အောင်ရွှေဘုန်းရောင် ဘုရားကြီးကျောင်းတိုက် သာသနာ့ဗိမာန်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဓမ္မစကူးလ်ကျောင်းဖွင့်ပွဲနှင့် သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ၌ ဝင်ရောက်ဖြေဆိုအောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား ကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 26,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာန တို့ပူးပေါင်း၍ မိုးရာသီသစ်ပင် စိုက်ပျိုး ပွဲတော်ကို ယမန်နေ့နံနက် (၇)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၅)ဧက စိုက်ခင်းနှင့် မီးသင်္ဂြိုဟ်စက် အဝန်းဝိုင်းတို့တွင် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ စိုက်ပျိုး ခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Jun 26,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။