နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပြည်သူ့ဝန်ထမ်းအငြိမ်းစားများမှ ဆိုလာနှင့်ဘက်ထရီအိုး လှူဒါန်းပေး

နတ်မောက် ဇွန် ၂၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပြည်သူ့ဝန်ထမ်း အငြိမ်းစားများမှ စုပေါင်းလှူဒါန်းသည့် ဆိုလာနှင့်ဘက်ထရီအိုးကို ယမန်နေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံပေးအပ် လှူဒါန်းခဲ့သည်။

အဆိုပါ ဆိုလာနှင့်ဘက်ထရီအိုး လှူဒါန်းခဲ့ရာတွင် ပြည်သူ့ဝန်ထမ်းအငြိမ်းစားများ၏ အငြိမ်းစားလစာ ထုတ်ပေးချိန်တွင် လျှပ်စစ်မီးအခက်အခဲ ကြန့်ကြာမှုမရှိစေရန် အငြိမ်းစားဝန်ထမ်းများမှ စုပေါင်း၍စုစုပေါင်း ထည့်ဝင်ငွေ (၁၄၀၅၇၀၀)ကျပ်ဖြင့် MONO 350W  ဆိုလာနှင့် ဘက်ထရီအိုးဝယ်ယူပြီး ပြည်သူ့ဝန်ထမ်း အငြိမ်းစားများမှ မြန်မာ့စီးပွားရေးဘဏ်သို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လှဝင်း