ကံမမြို့နယ် အ‌ခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကံမ ဇွန် ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)   ထိုးနှံပေးခြင်းကို  ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက်၊  မင်းကုန်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက  ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ      ပူးပေါင်းပြီး ကိုဗစ်၁၉-ရောဂါ ကင်းဝေးစေရန်အတွက် မြို့နယ်အတွင်း  အခြေခံပညာကျောင်း(၁၂၈)ကျောင်းတို့မှ  ကျောင်းသား ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၅)နှစ်ပြည့်ပြီး KG ကျောင်းသား ကျောင်းသူများ၊ အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) နှစ်ကြိမ်ထိုးနှံပြီးသည့် ကျောင်းသား ကျောင်းသူများ၊ Grade-1 မှ Grade-12 အထိ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တခါမှ မထိုးနှံရသေးသည့် ကျောင်းသား ကျောင်းသူများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)