ပြည်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ "စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ" အွန်လိုင်းအသိပညာပေး Talk Show ပြုလုပ်

ပြည် ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပြန်ကြားရေး​နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက "စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ" အွန်လိုင်းအသိပညာပေးTalk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အွန်လိုင်းအသိပညာဆွေးနွေးပွဲတွင် ပြည်ရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုသန့်နှင့် ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာန (မြို့နယ်တာဝန်ခံ) ဦးထွန်းနိုင်လင်းတို့က "စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ" စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာရမည့်အချက်အလက်များနှင့် စားသုံးသူများ နစ်နာဆုံရှုံးမှုမရှိစေရေးအတွက် ဆောင်ရွက်ရမည့် အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အွန်လိုင်းအသိပညာပေးဆွေးနွေးပွဲ ရုပ်/ သံဖိုင်အား အများပြည်သူကြည့်ရှုလေ့လာနိုင်ရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး၏ Facebook pageတွင် အွန်လိုင်းမှတဆင့် ထုတ်လွှင့်ပြသ‌‌ပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုစိုး(ပြန်/ ဆက်)