သတင်းများ

မော်လိုက်မြို့၌ (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  အခမ်းအနားကျင်းပ
Jun 26,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ (၃၆)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် (၉)နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်း စုံညီခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
ပြည်မြို့ပညာရေးဒီဂရီကောလိပ်မှ အခြေခံပညာဆရာ၊ ဆရာမလောင်းလျာ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများ အသိပညာပေးဟောပြော
Jun 26,2023
ပြည်မြို့ပညာရေးဒီဂရီကောလိပ်မှ အခြေခံပညာဆရာ၊ ဆရာမလောင်းလျာ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားရရှိပြီး ဆက်လက်မျှဝေဆောင်ရွက်နိုင်စေရန်ရည်ရွယ်ချက်ဖြင့် ဇွန် ၂၃ ရက်နံနက်ပိုင်းက ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါကောလိပ် ဘက်စုံသုံးခန်းမဆောင်၌ "စားသုံးသူကာကွယ်ရေးဆိုင်ရာ" အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့‌သည်။
ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် ယနေ့ နံနက်(၉)နာရီအချိန်၌ အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။
၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
Jun 26,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းပေါင်းစုံ အလယ်တန်း/အထက်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲနှင့် အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ဇွန် (၂၆) ရက် နံနက် (၉) နာရီအချိန်က ရမည်းသင်းခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကျောက်တံခါးမြို့နယ်၌ အိုင်တုံချောင်းသဘာဝရေပြင်အတွင်းသို့ ငါးကောင်ရေသုံးသိန်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ
Jun 26,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဒေသအတွင်းငါးသယံဇာတတိုးပွားလာစေရန်၊ ငါးရိက္ခာဖူလုံမှုရှိစေရန်နှင့် ဒေသရင်းငါးမျိုးစိတ်များ မျိုးသုန်းပျောက်ကွယ်မှုမှ ကာကွယ်ရန်အတွက် ညောင်လေးပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ အိုင်တုံချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အိုင်တုံချောင်းတံတားတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရေဦးမြို့တွင် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ
Jun 26,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက (၃၆)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရ သည်။
မိုးညိုမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 26,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့ ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျတ်ရေးနေ့ အထိမ်းအမှတ် (Talk Show)ကျင်းပ
Jun 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(Talk Show)ဆွေးနွေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယ‌နေ့နံနက်ပိုင်း(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။