အထက-တနင်္သာရီတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးရေးဖြေပြိုင်ပွဲပြုလုပ်

တနင်္သာရီ ဇွန် ၂၆

၂၀၂၃ခုနှစ်၊ ဇွန်လ၂၆ရက်နေ့တွင် ကျရောက်သည့် (၃၆) နှစ်မြောက်၊ အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ဇွန်လ၂၆ ရက်နေ့ နံနက် ၉ နာရီအချိန်မှ ၁၁ နာရီခွဲအထိ အထက-တနင်္သာရီကျောင်း Grade-12 စိန်ပန်း စာသင်ဆောင်အတွင်း ကျင်းပပြုလုပ်သည်။

အဆိုပါ မူးယစ်ဆေးဝါး အလွဲသုံးမှုတိုက်ဖျက်ရေးနေ့ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်၌ မူးယစ်အန္တရာယ် တို့ကာကွယ်ခေါင်းစဉ်ဖြင့် ကျောင်းသူ/သား (၁၀) ဦးဝင်ရောက်ဖြေဆိုပြီး၊ အလယ်တန်းအဆင့်တွင် ရှောင်လေဝေးဝေး မူးယစ်ဆေးခေါင်းစဉ်ဖြင့် ကျောင်းသူ/သား(၉)ဦး၊ စုစုပေါင်း (၁၉) ဦးတို့  ဝင်ရောက် ဖြေဆိုခဲ့ကြရာ အထက-တနင်္သာရီကျောင်းအုပ်ဆရာကြီး ဦးအေးနိုင်နှင့် ဆရာ/မများက ကြီးကြပ်ဆောင်ရွက်လျက် စစ်ဆေးပြီး ဆုရကျောင်းသူ/သားများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုချီးမြှင့်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

နန်းသာရီ-ထိန်ဝင်း