အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 27,2023
မလှိုင်မြို့နယ်တွင် ကျောင်းသား/သူများနှင့် ပြည်သူအများ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာဗဟုသုတများ ရရှိစေပြီး ရှောင်ကျဉ်နိုင်စေရန်ရည်ရွယ်၍ ၂ဝ၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များကို မလှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အ.ထ.က မြို့သစ်၊ အ.ထ.က မလှိုင်နှင့် ဌာနဆိုင်ရာများသို့ ယမန်နေ့နံနက်ပိုင်းက သွားရောက်၍ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။