သတင်းများ

ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ MSMEs ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထုတ်ကုန်ပြပွဲနှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Jun 27,2023
ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးနိုင်ရန်နှင့် ပို့ကုန်ရရှိစေရန် ရည်ရွယ်၍ MSME များ အားပေးမြှင့်တင်ရေး အစီအစဉ်တစ်ရပ်အနေဖြင့် ကရင်ပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ MSMEs ထုတ်ကုန်ပြပွဲနှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ရေနံချောင်းမြို့နယ်၌ စားသုံးဆီဖူလုံပိုလျှံစေရေး ဆီထွက်သီးနှံ မြေပဲနှင့် နှမ်းဧက ၇၀၀၀၀ ကျော် လျာထားစိုက်ပျိုးလျက်ရှိ
Jun 27,2023
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသုံးဆီဖူလုံ ပိုလျှံစေရန် ရည်ရွယ်၍ ယခုနှစ်မိုးရာသီတွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲနှင့် နှမ်းဧက ၇၀၀၀၀ ကျော်ကို လျာထား စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်တွင်းကြီးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမူနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 27,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမူနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်က အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းနောင်မြို့ အ.ထ.ကကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း ပြိုင်ပွဲဆုပေးပွဲပြုလုပ်
Jun 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ နှင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲဆု​ပေးပွဲကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ ညနေ (၃)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မိုင်းရှူးမြို့နယ်တွင် ရွှေဟင်္သာစျေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Jun 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ရွှေဟင်္သာစျေးငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်(၈)နာရီခွဲအချိန်က အမှတ်(၂)ရပ်ကွက်ရှိ မြို့မစျေးငွေစုငွေချေး သမဝါယမအသင်းလီမိတက်ရုံးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jun 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လဟယ်မြို့တွင် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jun 27,2023
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ရောဂါ (Sinovac) ကာကွယ်ဆေး ဒုတိယအကြိမ်နှင့်စတုတ္ထအကြိမ် ကာကွယ်ဆေးများ ထိုးနှံခြင်းကို ယနေ့ နံနက် (၁၁:၃၀) အချိန်တွင် လဟယ်မြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
လဟယ်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုပေးပွဲကျင်းပ
Jun 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း၀ယ်မှု တိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ် မူးယစ်အန္တရာယ် သိကောင်းစရာဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန် လဟယ်မြို့အထက်တန်းကျောင်း ချယ်ရီမြိုင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရပါသည်။