မြန်အောင်ခရိုင်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဆိုပူဇော်ပြိုင်ပွဲကျင်းပ
Jun 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ခရိုင်အဆင့် (မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ)မြို့နယ်များမှ ဓမ္မစကြာနှင့် အနတ္တ လက္ခဏသုတ် ရွတ်ဆိုပူဇော်ပြိုင်ပွဲကို ယမန်နေ့က မြန်အောင်မြို့ အမှတ်(၅) ရပ်ကွက် တာဝတိံသာဓမ္မာရုံ၌ ကျင်းပရာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်ဇနီး၊ မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် ဇနီး၊ ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် ဇနီး၊ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ဇနီး၊ ပြိုင်ပွဲဝင် ဝတ်ရွတ် အသင်းများ တက်ရောက်ခဲ့ကြသည်။