မလှိုင် ဇွန် ၂၇
မလှိုင်မြို့နယ်တွင် ကျောင်းသား/သူများနှင့် ပြည်သူအများ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာဗဟုသုတများ ရရှိစေပြီး ရှောင်ကျဉ်နိုင်စေရန်ရည်ရွယ်၍ ၂ဝ၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များကို မလှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အ.ထ.က မြို့သစ်၊ အ.ထ.က မလှိုင်နှင့် ဌာနဆိုင်ရာများသို့ ယမန်နေ့နံနက်ပိုင်းက သွားရောက်၍ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်းစကား လက်ကမ်းစာစောင်တွင်မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက် ခေါင်းကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းဝေးအမှတ်စဉ် (၁/၂ဝ၂၁)၌ ပြောကြားသည့် အမှာစကားမှ ကောက်နှုတ်ချက်၊ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ ကျောင်းသား လူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ နုခန့်ယဉ်(ရစ်ကန်ကြီး)၏ မူးယစ်ဆေးဝါး တို့ရှောင်ရှား ကဗျာ၊ ကာတွန်းတို့ ပါဝင်ကြောင်းသိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က တာဝန်ခံထုတ်ဝေ၍ အခမဲ့ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ပြီး မလှိုင်မြို့နယ်တွင် ဇွန်လ(၂၆) ရက်နေ့ကကျင်းပသည့် ဆုချီးမြှင့်ပွဲတက်ရောက်လာသည့် ကျောင်းသား/များ၊ ဆရာ/မများနှင့် ကျောင်းသားမိဘများကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)