မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃)ကျင်းပ

မန္တလေး ဇွန် ၂၇

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီးများ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး အမျိုးသမီး ကော်မတီအစည်းအဝေး (၁/၂၀၂၃)ကို ယနေ့နံနက်(၈)နာရီတွင် တိုင်းလူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး အမျိုးသမီးကော်မတီ အတွင်းရေးမှူးက  လက်ရှိဆောင်ရွက်နေသော အမျိုးသမီးများ၏ ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအားလည်းကောင်း၊ အမျိုးသမီး ကော်မတီဝင်များက အမျိုးသမီးဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအားလည်းကောင်း၊ ထူးချွန်အမျိုးသမီးများအား မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ဆုချီးမြှင့်ရေး အစီအစဉ်များအားလည်းကောင်း ထပ်ဆင့်ရှင်းလင်းဆွေးနွေးကြပါသည်။

ဆက်လက်ပြီး ဆွေးနွေးချက်များအပေါ် ရှေ့လုပ်ငန်းစဉ်များချမှတ်ကာ ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)