အထက်မင်းလှ ဇွန် ၂၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက (Biometric) အချက်အလက်စာရင်း ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများကို ဇွန်လ(၂၁)ရက်နေ့က စတင် ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဝန်ကြီးဌာန မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဆန်းမင်းနှင့်ဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး (Biometric) ဆိုင်ရာအချက်အလက်များ စာရင်းကောက်ယူပြီး (Database) တွင် သိမ်းဆည်းကာ မတူညီဂဏန်း(၁၀)လုံးပါဝင်သည့် (Unique ID) နံပါတ်ပါကတ်ပြားများကို့ နေ့ချင်းအပြီး ထုတ်ပေး လျက်ရှိသည်။
အဆိုပါ (Biometric) အချက်အလက်များ ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိသည်။ မင်းလှမြို့နယ်တွင် (Biometric) အချက်အလက်များ ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်း ကိုဇွန်လ(၂၁)ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ဇွန်လ(၂၆)ရက်နေ့ထိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ စုစုပေါင်း(၄၃၀)ဦး ထည့်သွင်းပြီးဖြစ်၍ ကျန်ရှိနေသူများကိုလည်း ဂဏန်း(၁၀)လုံးပါဝင်သည့် (Unique ID) နံပါတ်ပါကတ်ပြားများကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်အပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။
ဇာဇာ(ပြန်/ဆက်)