သတင်းများ

လဟယ်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါနှင့် သားဆက်ခြားနည်းလမ်းအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 27,2023
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် သားအိမ်ခေါင်းကင်ဆာရောဂါနှင့် သားဆက်ခြားနည်းလမ်းအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောခြင်းကို ဇွန် ၂၃ နေ့ နံနက် ၁၀ နာရီအချိန် လဟယ်မြို့ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Jun 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား အစိုးရဝန်ထမ်းပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို ဇွန် ၂၁ ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိသည်။
 မြိုင်မြို့တွင် ပလတ်စတစ်လျှော့ချအသုံးပြုသော ပတ်ဝန်းကျင်ဖြစ်စေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jun 27,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲတို့ပူးပေါင်း၍ ပလတ်စတစ် လျှော့ချအသုံးပြုသော ပတ်ဝန်းကျင်ဖြစ်စေရန် ယမန်နေ့ နံနက် ၈ နာရီအချိန်က စည်ပင်သာယာ မြို့မဈေးနှင့် ပျံကျဈေးတို့တွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ပခုက္ကူတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jun 27,2023
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ၄နာရီအချိန်က အဆိုပါ တက္ကသိုလ်၊ မိုးလုံလေလုံအားကစားရုံခန်းမတွင် ကျင်းပသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Jun 27,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းတစ်ရပ်အဖြစ် စာငှားဝန်ဆောင်မှုများကို စာကြည့်တိုက်တွင် ငှားရမ်းသည့်အပြင် မိုဘိုင်းစနစ်ဖြင့်လည်း ငှားရမ်းပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲ (၃) ဘာသာဂုဏ်ထူးရှင်အား ဂုဏ်ပြုဆုချီးမြှင့်
Jun 27,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီက ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲ (၃) ဘာသာဂုဏ်ထူးရှင် Book Club အဖွဲ့ဝင် စောကျော်မိုးဟိန်းအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကမ်းနီလျှပ်စစ်မြစ်ရေတင်စီမံကိန်းအတွက် မြေယာလျော်ကြေး ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jun 27,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့ ကမ်းနီလျှပ်စစ်မြစ်ရေတင်စီမံကိန်း မြေနေရာ (၀.၂၂)ဧက အတွက် မြေယာလျော် ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်  ကျင်းပပြုလုပ်သည်။
ပွင့်ဖြူမြို့နယ် ထူးကျေးရွာတွင် ဒေသခံတောင်သူများ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး လယ်မြေဧက ၇၅၀ အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်
Jun 27,2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ထူးကျေးရွာရှိ ဒေသခံကျေးလက် နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁ မိုင်၊ ၇ ဒသမ ၉ ဖာလုံအား ကျေးလက်ကုန်ထုတ်လမ်းအဖြစ် အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။