မိုင်းလုံ. ဇူလိုင် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိသတ်များ စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျား စာကြည့်တိုက် စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲ အချိန်ခန့်က မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သွားရောက်ငှားရမ်းပေးခဲ့သည်။
စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် စာဖတ်သူလက်ဝယ်အရောက် ရွေလျားစာကြည့်တိုက်စနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆရာ၊ ဆရာမများ သည်ကျောင်ဖွင့်ချိန်၌ စာဌားရာတွင် အဆင်ပြေစေရန်၊ စာဖတ်ပရိသတ်များ အားလပ်သောအချိန်ကိုစာအုပ်စာပေဖတ်ရှုခြင်းဖြင့်ဖြတ်သန်းစေရန်၊ စာကြည့်တိုက်သွားရန် အချိန်မပေးနိုင်သော စာဖတ်ပရိတ် သတ်များအဆင်ပြေစေရန်၊ စာပေဖတ်ရှုမှုကို အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်ပြီးသုတ၊ ရသ စာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကိုယူဆောင်ပြီး သွားရောက် ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့်စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို တစ်လနှစ်ကြိမ် လာရောက်ဆောင်ရွက်မည်ဖြစ်ပြီး စာကြည့် တိုက် အသင်းဝင်ကတ်ပြားကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)