ထန်းတပင်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစီမံကိန်းအကြောင်းဆွေးနွေး

ထန်းတပင်(ရန်ကုန်) ဇူလိုင် ၆

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့် မိုးစပါးစီမံကိန်းအကြောင်းဆွေးနွေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဆတ်ကလေးကျေးရွာအုပ်စု၊ ဆတ်ကလေး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဇူလိုင်လ () ရက်နေ့၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။

အဆိုပါဆွေးနွေးပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မိဘမေတ္တာဆန်စက်လုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မိုးစပါးစိုက်ပျိုးရာသီတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် အချိန်အခါမီဆောင်ရွက်သွားနိုင်းရေး ဆွေးနွေးခြင်းဖြစ်ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ခိုင်ခိုင်ဝင်းနှင့် မိဘမေတ္တာဆန်စက်လုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူများက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ပါဝင်ဆောင်ရွက်သွားမည့် တောင်သူများကို စာချုပ်ချုပ်ဆို၍ အချိန်အခါမီ သွင်းအားစုများ ထုတ်ပေးနိုင်ရေးတို့ကို ဆွေးနွေးသည်။

ဇင်မင်းထိုက်(ထန်းတပင်)