ကာလိမြို့၌ (Biometric Data)  ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းများ ဆောင်ရွက်

ကာလိ ဇူလိုင် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ဦးစီးမှူးရုံးမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data)  ကောက်ယူခြင်း လုပ်ငန်းများကို ယနေ့နေ့လည် (၁၂) နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြို့ဦးစီးမှူး ဦးဆိုင်းထွန်းဆာနှင့် ဝန်ထမ်းများက နိုင်ငံအတွင်းနေထိုင်သူ အသက် (၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ (Biographic Data)  နှင့်(Biometric Data)  များ ကောက်ယူ၍ (Database) တွင် သိမ်းဆည်းပြီး ဂဏန်း (၁၀)လုံးပါဝင်သည့် Unique ID နံပါတ်များ သတ်မှတ်၍ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အချက်အလက်များကို ဆက်လက် ကောက်ယူရေး ဆောင်ရွက်လျက်ရှိကြောင်း လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့ဦးစီးမှူးထံမှ သိရသည်။

မြို့(ပြန်/ဆက်)