မန်ကန် ဇူလိုင် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က မန်ကန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်အမ်အွေးက ကျောင်းသား၊ ကျောင်းသားများအနေဖြင့် လွှတ်လပ်ရေးရရှိရန် ကြိုးစားခဲ့ကြသော အာဇာနည် ခေါင်းဆောင်ကြီး(၉)ဦးအား အစဉ်အောင်မေ့နေစေရန်၊ အာဇာနည်စိတ်ဓာတ်များ ရှင်သန် ထကမြက်စေရန်နှင့် ဗိုလ်ချုပ်အောင်၏ တိုင်းပြည်နှင့် လူမျိုးအပေါ် စွန့်လွတ်အနစ်နာခံ ကြိုးပမ်းခဲ့မှုများကို ဟောပြောခဲ့သည်။ ထို့နောက် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးက အာနည်နေ့ တို့မမေ့ ခေါင်းစဉ်ဖြင့် စာစီစာကုံးအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို အာဇာနည်နေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အထက်တန်းပြဆရာမ ဒေါ်အမ်အွေးထံမှ သိရသည်။
အေးကပ်(ပြန်/ဆက်)