မိုဝိုင်းလွတ် ဇူလိုင် ၁၀
စစ်ကိုင်းကိုင်းဒေသကြီး ဟုမ္မလင်းရိုင် မိုဝိုင်းလွတ်မြို့၌ အာဇာနည်နေ့ မူလတန်းအဆင့် ကဗျာ ရွတ်ဆိုပြိုင်ပွဲကို ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် မိုဝိုင်းလွတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုဝိုင်းလွတ်မြို့ ဦးစီးမှူး ဦးချန်လောက ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများအား ပြိုင်ပွဲဝင် စည်းမျဥ်းစည်းကမ်းများ ရှင်းလင်းပြောကြားပြီး "အာဇာနည်း တို့မမေ့" ကဗျာခေါင်းစဥ်ဖြင့် ကျောင်းသားကျောင်းသူများ စိတ်ဝင်စားစွာ ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။
ထိုနောက် ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသားကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဂုဏ်ပြုဆုငွေ အသီးသီးချီးမြှင့်ပေးပြီး ပြိုင်ပွဲဝင် ကျောင်းသား/သူများအား ကျောင်းသုံး အထောက်အကူပြု ဗလာစာအုပ်၊ ခဲတံနှင့် ပေတံများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ချန်လော (မိုဝိုင်းလွတ်)