သတင်းများ

တွံတေးမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့် တင်ဒါအောင်ကုမ္ပဏီများနှင့်တွေ့ဆုံ
Jan 29,2021
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် တွင် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် လမ်းဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန၏ တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်မည့် တင်ဒါအောင် ကုမ္ပဏီများနှင့် တာဝန်ရှိသူများ တွေ့ဆုံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ်(၄၅)ဦး ထပ်တိုး တွေ့ရှိပြီး အတည်ပြု လူနာပေါင်းက(၃၃၅၀)ဦး အထိရှိလာ
Jan 29,2021
မကွေးတိုင်းဒေသကြီးမှာ ဇန်နဝါရီလ ၂၈ ရက်နေ့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြု လူနာသစ်(၄၅)ဦး ထပ်တိုးတွေ့ ရှိခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်းက(၃၃၅၀)ဦး အထိရှိလာကြောင်း သိရသည်။
တီးတိန်မြို့နယ် မိုင်နွဲကျေးရွာ၌ ဆိုလာမီး တပ်ဆင်ပေး
Jan 29,2021
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မိုင်နွဲကျေးရွာ၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းမှ အီတလီချေးငွေဖြင့် NEP(IT-1) ဆိုလာမီးတပ်ဆင်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၇ က်နေ့တွင် တီးတိန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒေါ်ထန်ငိုက်လွန်း (အငယ်တန်း အင်ဂျင်နီယာ-၂)နှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်ငူ၌ နွေရာသီကာလ ရေရှားပါးမှု မဖြစ်ပေါ်စေရေး စက်ရေတွင်းတူးဖော်
Jan 29,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက မြို့နယ်အတွင်း နွေရာသီကာလ ရေရှားပါးမှုမဖြစ် ပေါ်စေရေးအတွက် ရေရရှိရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ပိတောက်ကုန်း ကျေးရွာ၌ အကျယ် ၂ လက်မ အနက်ပေ ၃၅၀ ရှိ စက်ရေတွင်းနက် တူးဖော်‌ခြင်းလုပ်ငန်းတွင် ဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့ နံနက်ပိုင်းက သိရသည်။
အင်းစိန်မြို့နယ်၌ သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ အသိပေးတားမြစ်ချက် ဗီနိုင်းပိုစတာ စိုက်ထူ
Jan 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက သဘာဝ ငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်း ဆိုင်ရာ အသိပေးတားမြစ်ချက် ဗီနိုင်းပိုစတာ စိုက်ထူခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနရုံးရှေ့တွင် စိုက်ထူခဲ့ ကြောင်း သိရသည်။
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ရန် ကြီးကြပ်ရေး အဖွဲ့ဝင်(၅) ဦးရွေးချယ်
Jan 29,2021
နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေး အတွက် ကြီးကြပ် ဆောင်ရွက်ရန် ကြီးကြပ်ရေး အဖွဲ့ဝင်(၅) ဦးရွေးချယ်ခြင်းလုပ်ငန်းကို သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာ အုပ်စုများ အလိုက် ရွေးချယ်ဆောင်ရွက်လျက်ရှိရာ မြဝတီရပ်ကွက်အတွက် ကြီးကြပ်ရေး အဖွဲ့ဝင် (၅)ဦး ရွေးချယ်ခြင်းကို ဇန်နဝါရီ ၂၈ရက် မွန်းလွဲ ၂ နာရီခွဲက အဆိုပါရပ်ကွက် အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းဓမ္မာရုံတွင် ကျင်းပ သည်။
မိုင်းဖြတ်၌ ရာသီမရွေး ဖြတ်သန်းသွားလာနိုင်မည့် ကွန်ကရစ်တံတားနှစ်စင်းတည်ဆောက်
Jan 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြိုနယ်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာနေပြည်သူ ၁၅၄၀ ဦး ရာသီမရွေး ဖြတ်သန်းသွားလာ နိုင်မည့် ကွန်ကရစ်တံတားနှစ်စင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၃၄၂ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 29,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ကုတင် ၁၀၀ ပြည်သူ့ဆေးရုံကြိးတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်မှစတင်၍ ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ ပေးလျက်ရှိသည်။