သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကျင်းပ
Jul 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။
ကံမမြို့ အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌ လူငယ်စကားဝိုင်းကျင်းပ
Jul 10,2023
မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊   ကံမမြို့၊ အမှတ်(၄)ရပ်ကွက်၊    အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌    ကျောင်းသား၊ ကျောင်းသူ  လူငယ်လူရွယ်လေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့   ပူးပေါင်း စီစဉ်ကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို    ယနေ့နံနက်  (၉) နာရီက  ကျင်းပပြုလုပ်ရာ အထက်တန်း၊    အလယ်တန်း ကျောင်းသား၊ ကျောင်းသူ(၅၂၇) ဦး  တက်ရောက်ခဲ့ ကြသည်။
ရွာငံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်
Jul 10,2023
ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ရွာငံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jul 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက အ.မ.က (လွန်) မကြီးထုံး ကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
မောက်မယ်မြို့နယ်၌ရာသီပေါ်မှိုမွေးရောင်းချသူများစျေးကောင်းရ
Jul 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ရာသီပေါ်ငှက်စွတ်မှိုနှုတ်ယူရောင်း ချသူများ မှိုမွေး(၅)ပွင့်တစ်ခြင်းကို ငွေကျပ်၁၀၀၀နှုန်းဖြင့် ရောင်းချနေရပြီး စျေးကောင်းရ လို့အဆင်ပြေလျက်ရှိကြောင်း မှိုရောင်းချသူများထံမှသိရသည်။
ဟိုပုံးမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၊ ဖာလိုင်အခြေခံပညာမူလတန်းကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပန်ဆိုင်း(ကြူကုတ်)မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ
Jul 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ထက်၊ လယ်၊ မူအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို  ယနေ့နံနက် (၁၀:၃၀)နာရီက အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။