ပျော်ဘွယ်မြို့နယ်တွင် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပ

ပျော်ဘွယ် ဇူလိုင် ၁၀

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအသိပညာ ဗဟုသုတဖွံ့ဖြိုးတိုးတက်ရေစေရန်အတွက် (၇၆)နှစ်မြောက် အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပခြင်းကို ယနေ့နံနက်(၉)နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း(ကြက်တည်)တွင်ပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်လွင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဟောပြောပို့ချမှုများကို သေချာစွာလေ့လာမှတ်သားနိုင်ရေးကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက အာဇာနည် နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများ၊ အာဇာနည် ပုဂ္ဂိုလ်ကြီးများအကြောင်းတို့ကို ကျောင်းသား၊ ကျောင်းသူ များနှင့်အပြန်အလှန်ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ် စာစောင်များ၊ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများကလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)