မူဆယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းများတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲများ ကျင်းပ

မူဆယ် ဇူလိုင်  ၁၂

၂၀၂၃ခုနှစ်၊ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲများကို တစ်ပြိုင်နက် ကျင်းပဆောင်ရွက်ခဲ့ကြသည်။

 (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် “လေးမြတ်ဂုဏ်ရည်အာဇာနည်”၊ အလယ်တန်းအဆင့်“မမေ့စဉ်လာ အာဇာနည်နေ့အချိန်အခါ”နှင့် မူလတန်းအဆင့် “တို့များမမေ့နိုင် ၁၉ ဇူလိုင်”စသည့် ခေါင်းစဉ်တို့ဖြင့် စာစီစာကုံးပြိုင်ပွဲများ၊ “သမိုင်းမော်ကွန်းတည် ကိုးဉီးအာဇာနည်”နှင့် “အာဇာနည်မြတ် မမေ့အပ်”ခေါင်းစဉ်တို့ဖြင့် ကဗျာပြိုင်ပွဲများ၊ အထက်တန်းဆင့် “အာဇာနည်နေ့နှင့်အမျိုးသားရေးတာဝန်”ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲများကို အမှတ်(၁)၊ အမှတ်(၂)နှင့်အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတို့တွင် တစ်ပြိုင်နက် ကျင်းပဆောင်ရွက်ခဲ့ကြပြီး အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူ (၄၉)ဦး၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ(၇၄)ဦးနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူ (၄၃) ဦးတို့က ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခြေခံအထက်တန်းကျောင်းများမှ စာစီစာကုံး၊ကဗျာနှင့်ဆောင်းပြိုင်ပွဲများကို ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ကြသော ကျောင်းသား/သူများအား ပထမ၊ဒုတိယနှင့်တတိယအဆင့် စိစစ်ရွေးချယ်ပြီး ဇူလိုင် လ(၁၅)ရက်နေ့တွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့် ဆက်လက်ယှဉ်ပြိုင် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)